Event

လိုအပ်ချက်တွေများပြားလာတဲ့ခေတ်မှာ လူတိုင်းလူတိုင်း နေ့စဉ် ကြုံတွေ့နေရတဲ့စိန်ခေါ်မှု့တွေကို ဖြေရှင်းဖို့ နည်းလမ်းရှာရလေ့ရှိပါတယ်။ ဘယ်လိုအလုပ်အကိုင် အနေအထားမှာပဲဖြစ်ဖြစ် လိုအပ်နေတာက ကြုံလာတဲ့ပြသနာတိုင်းကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အရည်အသွေးတွေ ခံယူချက်တွေ လိုအပ်ပါတယ်။ ဒါဆိုရင် ပြသနာတိုင်းမှာ အဖြေရှိလာပြီး လွယ်ကူရှင်းလင်းတဲ့ နည်းလမ်းကိုတွေ့ရမှာပါ။ ဒီလိုတွေဖြေရှင်းဖို့ဆိုရင် ဘာပြသနာ ကိုပဲဖြစ်ဖြစ် အရှုံးမပေးပဲ ရင်ဆိုင်တတ်ဖို့ Skill က အဓိက ကျပါတယ်။

လာမယ့် January 26 မှာ ဒီလို Skill တွေကိုဖြေရှင်းဖို့ “Never Give Up” ဆိုတဲ့ခေါင်းစဉ် နဲ့ ဆွေးနွေးအကြံပေးဖို့ B2B ကစီစဉ်ထားပါတယ်။ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ကဦးဆောင်ပြီး ကိုယ်ပိုင်အတွေး ကိုယ်ပိုင်ခံယူချက်နဲ့ ကိုယ်သွားချင်တဲ့စီးပွားရေးကို စတင်ဖြစ်အောင် အောင်မြင်အောင် တည်တံံ့အောင် ကြိုးစားလာကြတဲ့သူတွေဖြစ်တဲ့

(၁) မသန္တာလှိုင် (Founder, T’s Workshop & T Fitness App)
(၂) ကိုဇော်ရဲနောင် (Co-Founder, Shwe Taung Nyo Gyi)
(၃) မစိုးဧမီကျော် (CEO, Ananda Cocoa & Coffee)

တို့ က Speaker များအဖြစ်ပါဝင်ဆွေးနွေးသွားကြမှာဖြစ်သလို
ပွဲကိုလာရောက်တဲ့ ပရိသတ်များနဲ့လည်း ရင်းရင်းနှီးနှီး အမေးအဖြေ ကဏ္ဍကို
ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် သူတို့ဘယ်လို လျောက်လှမ်းခဲ့ပြီး ဘယ်လိုအရှုံးမပေးခဲ့ကြသလဲ ဆိုတာကို သိချင်မေးချင်တယ်ဆို အတူတူ နားထောင်ရင်း စဉ်းစားအဖြေရှာရအောင်လာခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်။ အောင်မြင်သူတွေဟာ ဘယ်အခက်အခဲကို မှ လက်လျော့ပြီး အရှုံးမပေးကြပါဘူး။ အရှုံးပေးပြီး စိတ်လျော့ သွားသူတွေဟာလည်း ဘယ်တော့မှ အောင်မြင်မှု ကိုမရခဲ့ကြပါဘူး။လဲကျတိုင်းပြန်ထပြီး မဆုတ်မနစ်ကြိုးစားလျင် တချိန်အောင်မြင်တယ်ဆိုတာကို ယုံကြည်ရင် B2B စကားဝိုင်းမှာ ဆုံကြရအောင်ပါ။

ယခုကျင်းပမည့် B2B အခမဲ့‌ဟောပြောပွဲ‌ ကို Title Sponsor အနေဖြင့်

>>> Enervon-C Myanmar မှကူညီပံ့ပိုးပေးပြီး

Gold Sponsor များအဖြစ်

>>> Stallion Lubricants နှင့်
>>> British University College
>>> Kaplan Myanmar University College – KMUC တို့မှ ကူညီပါ၀င်ပေးသည့်အတွက်
B2B Magazine မှ ကျေးဇူးအထူးတင်ရှိပါတယ်။

——————

တက်ရောက်ဖို့စာရင်းပေးသွင်းလိုသူတွေအနေနဲ့
အောက်ပါနည်းလမ်းများဖြင့် အခမဲ့စာရင်းပေးသွင်းနိုင်ပါတယ်။

>>> Online Register – https://www.eventbrite.com/e/87676987229

>>> SMS Register – (ဟောပြောပွဲခေါင်းစဉ်၊ အမည်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်ရာထူး၊ ကုမ္မဏီနာမည်နဲ့ Email လိပ်စာတွေကို 09 968 557 560 နှင့် 09 785 60 60 60 သို့ SMS ပေးပို့ပြီး အခမဲ့စာရင်းပေးသွင်းနိုင်ပါတယ်။)

– B2B Myanmar App ကို Download ရယူထားသည့် ဖုန်းကို ပွဲနေ့တွင်
တာဝန်ရှိသူများကို ပြသပြီး ဝင်ရောက်နိုင်ပါတယ်။

B2B Myanmar App Download Link – http://onelink.to/b2bmm

အသေးစိတ် သိရှိမေးမြန်းလိုပါက Hot Line ဖုန်းနံပါတ် 09 968 557 560 နှင့်
09 785 60 60 60 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

?>